မင်္ဂလာပါ...

မင်္ဂလာပါ

သတ္တမနည်းပညာရပ်ဝန်း မှ ကြိုဆိုပါတယ် ...

ဖြစ်ပေါ်ပြောင်းလဲမှုတို့ မြန်ဆန်လွန်း လှသော သတင်း နည်းပညာ ခေတ်တွင် နေထိုင် ရသည့် ကျွန်တော်တို့ အတွက် ထို နည်းပညာ၏ ဆွဲဆောင်မှု ၊ လိုအပ်ချက် နှင့် ၄င်းမှ ရရှိသော အကျိုးအပြစ် တို့မှာလည်း များပြား လှပါ၏။ ဆွဲဆောင် မှုသို့ လိုက်ပါရင်း လိုအပ်ချက် ( ဤနေရာတွင် စိတ်ဆန္ဒ၏ လိုအင် မဟုတ် ၊ လက်ရှိ ဘ၀ နယ်ပယ် တွင် အသုံးချ ရေးဆိုင်ရာ လိုအပ်ချက် ကို ဆိုလို၏ )ကို ရယူ အသုံးချ တတ်စေရန် အလွန် အရေးကြီး လှပါသည်။ ၄င်း အတွက် ကျွန်တော်တို့ ဘာတွေ လုပ်ကြမလဲ။

များ မကြာသေး မှီက မြန်မာနိုင်ငံ တွင် အင်တာနက် အသုံးပြုသူ များပြား လာသည့် နည်းတူ အင်တာနက် ကဖေးများ ၊ ဆိုက်ဘာ ကဖေးများ လည်း တိုးတက် များပြား လာလျက်ရှိ ကြောင်း ကြား သိရ ပါ သည်။ တဆက်တည်း မှာပင် ၄င်း အင်တာနက် ကဖေးဆိုင်များ မှ ကောက်ယူ ရရှိ သော စစ်တမ်း တစ်ရပ်၏ အဆိုအရ အင်တာနက် အသုံးပြု သူများ ၏ ၉၀% သည် လူငယ်များ ဖြစ်ကြပြီး အင်တာနက် ကို အသုံးချရာ တွင် အများစုမှာ ချတ်ရွမ်းများ သို့ ၀င်ရောက်ခြင်း ၊ ~Censored~ ၀ဘ်ဆိုက်များ ကို ရှာဖွေခြင်း စသည်တို့ အတွက်သာ အများဆုံး အသုံးချ လျက်ရှိကြောင်း သိရှိရပါသည်။

အရာရာ ကိုသိလိုစိတ်ဖြင့် စူးစမ်းကြသည် ကို အပြစ် ဆိုရန် မရှိပါ။သို့သော် စူးစမ်းမှု မှရရှိသော အကျိုး အပြစ်တို့ကို ခွဲခြမ်း စိတ်ဖြာ၍ အသုံးချ တတ်ရန်ကား အရေးကြီး ပေသည်။ သို့မဟုတ်က အဖိုးတန် လှသော မိမိ ၏ အချိန်နှင့် အင်တာနက် အား အကျိုးမဲ့ ဖြုန်းတီး ရာ ရောက် ပါလိမ့်မည်။

ကျွန်တော်တို့ အနေဖြင့် အင်တာနက် အပေါ်တွင် မြန်မာ လူငယ်များ ၏ အဓိပ္ပာယ် သတ်မှတ် ချက်ကို ပိုမို လေးနက် လာ စေရန် အထောက် အကူ ပေးသွားဖို့ ရည်ရွယ်ပါသည်။ အခြေခံ မှစတင်ကာ အသုံးချ ဆိုင်ရာ ပညာများ အထိ မိမိတို့ အချင်းချင်း ဖလှယ်ရင်း သင်ယူ သွားကြပါမည်။ ထိုမှတဆင့် နိုင်ငံ တကာရှိ လူငယ်များ နှင့် တန်းတူ နည်းပညာ ဆိုင်ရာများ ကို တိုးတက်စွာ လေ့လာ စူးစမ်းမှု ပြုကြမည့် နည်းပညာ ဆိုင်ရာ လက်တွေ့ အသုံးချ နေရာ တစ်ခုအဖြစ် စုပေါင်း တည်ဆောက် သွား ကြမည် ဖြစ်ပါသည်။

ဤနေရာ တွင် လူငယ်တိုင်း ၌ အရာရာ ကိုသိလို စိတ်များ ၊ လေ့လာ စူးစမ်း လိုစိတ်များ ပြည့်နှက် လျက်ရှိသည်ကို နားလည်ပြီး ဖြစ်သည့် အားလျော်စွာ ထိုသို့သော စူးစမ်း လိုစိတ်များ အတွက် မှန်ကန်သော လမ်းကြောင်း တစ်ခုကို မိမိတို့ လူငယ်များ အချင်းချင်း လက်တွဲ ခေါ်ယူသွား ကြဖို့ လိုအပ် ပါမည်။ လေ့လာမှု သည် အောင်မြင်မှု ၏ အဓိက ဇစ်မြစ် ဖြစ်သော် လည်း ထိုသို့သောေ လ့လာလို စိတ် ဖြစ်ပေါ်လာ စေရန် တွန်းအား တစ်ရပ် လို၏။ ထို တွန်းအား ကို မြန်မာ လူငယ် များ အားလုံး သို့ မြန်မာ လူငယ်များ အချင်းချင်း ထိရောက် အောင်မြင်စွာ ၊ ရင်းနှီး ပွင့်လင်းစွာ ပေးသွား ရမည့် နေရာတစ်ခု အဖြစ် သတ်မှတ် စေလိုသည်။

 

ဖိုရမ် မှဆွေးနွေးချက်များ



How We Work

  • ကနောင် သည် “ဒြပ်မဲ့အဖွဲ့” ဖြစ်သည့် အားလျော်စွာ မည်သည့် ရုံးခန်း နေရာ ထိုင်ခင်း မှ ရှိမည် မဟုတ်။ ကနောင် ရှိ အဖွဲ့ဝင် အားလုံး တို့သည် မိမိ နေထိုင်ရာ အိမ်မှ ပင် အားလုံး အလုပ်လုပ် ကြမည် ဖြစ် သည်။
  • ကနောင် သည် မည်သည့် အလုပ် ကိစ္စ အတွက် မဆို အဖွဲ့ဝင် အချင်းချင်း အင်တာနက် မှ တဆင့်သာ အီးမေးလ် ဖြင့် သော် လည်းကောင်း၊ IM (Instant Messenger) များဖြင့်သော် လည်းကောင်း ဆက်သွယ် ပြောဆို ဆောင်ရွက် ပါသည်။
  • ကနောင်ရှိ အဖွဲ့ဝင်များ၏ လုပ်ဆောင်ချက် များ အနေဖြင့် မည်သည့် အချိန်တွင် ပြီးသည် အစား ၊ မည်သည့် အရာပြီး မြောက် သည် ဆိုသည် ဖြင့်သာ သတ်မှတ် ပါသည်။ အဘယ်ကြောင့် ဆိုသော် အရှေ့၊ အနောက် ကမ္ဘာအနှံ့အပြား နေထိုင်ကြသည့် အဖွဲ့ဝင်များ အနေဖြင့် အချိန် သတ်မှတ်ချက် ဖြင့် အလုပ်ပြီး မြောက် ခြင်းအား တိုင်းတာ သတ်မှတ် ရန် ခက်ခဲခြင်း ကြောင့် ဖြစ်သည်။
  • “ကနောင်” ရှိအဖွဲ့ဝင် အချင်းချင်း အချိန်ပြည့် ဆက်သွယ်မှု ရရှိ စေရန် စနစ် တစ်ခု အား လည်း အသင့် တည်ဆောက် ထား ပြီး ဖြစ်သည်။
  • မည်သည့် အလုပ် ကိစ္စ (Projects) အတွက် မဆို “ကနောင်” ရှိ အပိုင်း လိုက် အသီးသီး တာဝန်ယူ ထား သူများ ၏ စုပေါင်း ဆုံးဖြတ်ချက် ဖြင့် အကောင်းဆုံး ဖြစ်အောင် စုပေါင်း ဆောင်ရွက် ကြပါ သည်။

 

"ကနောင်" " Code အနုပညာ " အဖွဲ့

Featured Clients
 
Chrome အား Version 1.0 အဖြစ် Google က စတင်
alt

 

B eta Versionနှင့် ထုတ်ဝေထားသော Chrome Web Browser အား မြန်နှုန်း နှင့် တည်ငြိမ်မှု ဆိုင်ရာ စွမ်းဆောင်ရည် များ ထပ်မံ ဖြည့်စွက် ပြီးနောက် Complete Version အဖြစ် စတင် ဖြန့်ဝေမည် ဟု Google မှ အတည်ပြု ခဲ့သည်။ ဒီဇင်ဘာလ (၁၁) ရက်နေ့က Beta Version အား ရပ်နားကာ Chrome 1.0 အဖြစ် စတင် သတ်မှတ် လိုက်ပြီး အဆိုပါ Browser အား မည်သူ မဆို အခမဲ့ Download လုပ်ခွင့် ပေးထား ကြောင်း Google ကဆို သည်။

Read more...
 
“Coltrane” Brings You to Wonderful Automatic World

wordpress logoအခုထွက်တဲ့  ဗားရှင်းအသစ်  WordPress 2.7  ကို ကုဒ်နံမည် “Coltrane”  လို့ပေး ထား တယ်။ ထုံးစံ အတိုင်း ဝါ့ဒ်ပရက်စ် အဖွဲ့သား တွေရဲ့  ဖေးဘရိတ် တွေ ဖြစ်တဲ့ လူမည်း ဂျဇ် တေးဂီတသမား  John Coltrane ကို ဂုဏ်ပြု မှည့်ခေါ် ထား တယ် လို့ ဆိုပါ တယ်။ ၃၄ ခုမြောက် ဗားရှင်း “ဝါ့ဒ်ပရက်စ်” ၂.၂.၃ ကနေ စသုံး လာတဲ့ ကျွန်တော့် အတွက် အခု ၂.၇ မှာ ၄၆ ခုမြောက် ဗားရှင်း ဖြစ်နေပြီ ဆိုတာကို သတိထား မိပါတယ်။ ကျွန်တော် တို့ အတွက် အကြီး အကျယ် အပြောင်း အလဲတွေ ကို ဖန်တီး ပေးခဲ့ သလိုပဲ ဝါ့ဒ်ပရက်စ် အဖွဲ့သားတွေ အတွက်လည်း ဒါဟာ ကြီးမားတဲ့ သမိုင်း မှတ်တိုင် တစ်ခုပါ။ ဒီနှစ်ထဲ မှာပဲ သူတို့ ဝါ့ဒ်ပရက်စ် ရဲ့ အထင်ကရ ဗားရှင်းတွေ ဖြစ်တဲ့ ၂.၆ နှင့် ၂.၇ ကို အောင်အောင်မြင်မြင် ဖြန့်ချီနိုင်ခဲ့ကြတယ်။

၂.၆ တုန်းက အရင်ဗားရှင်း တွေထက် တိုးတက်မှုတွေ၊ ဖြည့်စွက်မှု တွေ အများကြီး ထည့်ပေး နိုင်ခဲ့လို့ မှတ်တိုင် တစ်ခု ဖြစ်ခဲ့ သလိုပဲ အခု ၂.၇ မှာလည်း ၂.၆ ရဲ့ နောက် ဗားရှင်းတွေ အားလုံး ထက်ကိုပဲ တိုးတက်မှု၊ အသစ် ဖြည့်စွက်မှု တွေ အများကြီး ထည့်သွင်း နိုင်ခဲ့လို့ မှတ်တိုင် တစ်ခု ဖြစ်လာ ပြန်ပါတယ်။

ဘာတွေ အသစ်ပါသလဲ (What’s News in WordPress 2.7?)

Read more...
 

ဆက်သွယ်ရန်

ကျွန်တော် တို့ကို နည်းပညာ ဆိုင်ရာ ကိစ္စ ရပ်များ နှင့် ဆွေးနွေး တိုင်ပင် အကြံပြု ဆက်သွယ် နိုင် ပါတယ်။

Email : info(at.)kanaung.net | info(at.)kanaung.com

T 7 အကြောင်း

NOTE:T-7 ကို နိုင်ငံခြားတွင် ပညာ သင်ကြား နေသော ကျောင်းသူ၊ ကျောင်းသား များက တင်ဆက် ပေးထား ခြင်းဖြစ်ပြီး မည့်သည့် အရောင် အသွေး မှ ပါဝင်ခြင်း မရှိဘဲ၊ မြန်မာ အိုင်တီ လောက အတွက် အထောက်အကူ ပြုစေရန် ဟူသော ရည်ရွယ်ချက် တခု ကို သာ အခြေခံ ပြီး တည်ထောင် ထား ခြင်း ဖြစ်ပါ သည်။  ကုန်ကျ စရိတ်များကို လည်း မည်သည့် အဖွဲ့ အစည်း၊ လူပုဂ္ဂိုလ် တဦးထံ မှ ရယူခြင်း မရှိဘဲ၊ မိမိတို့ ၏ ချွေးနဲစာ ကို စုဆောင်းပြီး မတည် ပေးထားခြင်းသာ ဖြစ်ပါသည်။ တီ ၇ မှ ကနောင် ဝဘ့်ဒီဇိုင်း တခုမှလွဲ၍ မည်သည့် ဝန်ဆောင်မှု ကိုမျှ အခကြေး ငွေ ဖြစ် လုပ်ဆောင်ခြင်း မရှိပေ။

ဆက်သွယ်ရန် ဖုံးနံပါတ်များ

Landline : +1 (201) 793-3788 {United State}
Landline : +61 (3) 9010-5488 {Australia}

Landline : + 46 (8)-559 23 588 {Sweden}
Landline : + 46 (8)-559 21 688 {Sweden}

Mobile : +358 403 513 244 {Finland}

http://www.technical-seven.com/