| DNS တိုက်ခိုက်ခံရမှုအပေါ် စိုးရိမ်လာကြ |
|
စစ် တမ်းများအရ နိုင်ငံတကာရှိ ၀က်ဘ်ဆိုက်Serverများသည် DNSဖြင့် တိုက်ခိုက်နေမှုများအပေါ် စိုးရိမ် ကြောင့်ကြမှု များပြား နေဆဲဖြစ်ကြောင်းသိရှိရသည်။ Infoblox မှ ကောက်ခံသော (၄) ကြိမ်မြောက် စစ်တမ်းတွင် ဖော်ပြထားမှုအရ ကုမ္ပဏီများသည် ၎င်းတို့၏ Networking လုံခြုံရေးအတွက် DNS ထိုးဖောက်မှုများအား အထူး သတိပြု နေကြောင်း သိရှိ ရသည်။
DNS တိုက်ခိုက်မှုဆိုသည်မှာ ကုမ္ပဏီပိုင် Domain Name များအား ပြောင်းလဲလိုက်ခြင်းဖြစ်ပြီး ဥပမာအားဖြင့် www.yahoo.com အား 66.94.234.13 စသော အခြား Address များသို့ ပြောင်းလဲသွားစေခြင်းမျိုး ဖြစ်ကြောင်း သိရှိရသည်။ DNSတိုက်ခိုက်မှုကြောင့် နှစ်စဉ်ဆုံးရှုံးရသော ကုမ္ပဏီပေါင်းများစွာ ရှိနေကြောင်း Infoblox က ဆိုသည်။ Microsoft ကမူ ယမန်နှစ်က ကမ္ဘာတလွှားတွင် DNSတိုက်ခိုက်မှုများ၏ (၂.၇) ရာခိုင်နှုန်း ဆုံးရှုံးခဲ့သော်လည်း ယခုနှစ်အတွင်း DNS ကြောင့် ပျက်စီးမှုမှာ (၀.၁၇)ရာခိုင်နှုန်းထိ လျော့နည်း ကျဆင်း လာနေ ကြောင်း ပြောကြား သွား ခဲ့သည်။
|

