| Facebook လျော်ကြေးငွေ ဒေါ်လာ(၈၇၃)သန်း ရရှိ |
|
F acebookသည် Spammer တစ်ဦးထံမှ လျော်ကြေးငွေ ဒေါ်လာ(၈၇၃) သန်း ရရှိနိုင်မည်ဖြစ်သည်။ ကနေဒါနိုင်ငံ မွန်ထရယ်မြို့တွင် နေထိုင်သော ဂွာဗျူရက်စ်ဆိုသူသည် နာမည်ကျော် Social Networking ၀က်ဘ်ဆိုက်အား အသုံးချပြီး လိင်ပိုင်းဆိုင်ရာ Spam mail သုံးသန်းကျော်အား ဖြန့်ဝေ ပေးပို့ခဲ့သည်။ Networkအတွင်း Spamများ ပြန့်နှံနေမှုကြောင့် မိမိတို့အနေနှင့် နစ်နာခဲ့ကြောင်း Facebook က ပြောကြားခဲ့သည်။ အမှုကို သေချာစွာ စစ်ဆေးကြားနာပြီးနောက် အမေရိကန်မှ ခရိုင်တရားသူကြီး ဂျာမီဖော်ဂယ်လ်က Facebook အား အမှု အနိုင်ပေး ခဲ့သည်။ သောကြာနေ့က ချမှတ်ခဲ့သော စီရင်ချက်အတွက် စိတ်ပျက်မိကြောင်း Spammer ဂွာဗျူရက်စ် က ပြောဆိုခဲ့သည်။ဂွာဗျူရက်စ်သည် Facebook အသုံးပြုသူများ၏ Account
နှင့် Password များအား Facebook မှ Feature အသစ်ပေးမည်ဟူသော Spam mail
များ ပေးပို့ပြီး ရယူကာ အရှုပ်အထွေးများ ဖန်တီးခဲ့သူဖြစ်သည်။ ယခုကဲ့သို့
ပြင်းထန်သော စီရင်ချက် ချမှတ်ခဲ့မှုကြောင့် Spammer များ၏
အဖျက်လုပ်ရပ်များကို ခြိမ်းခြောက် ဟန့်တားနိုင်လိမ့်မည်ဟု Facebookက
ပြောကြား သွားသည်။
|

