Google Orkut အသုံးပြု၍ Trojan Virus များ ဖြန့်ဝေနေ
User Rating: / 3
PoorBest 

Click to enlarge

G oogle ၏ Orkut ကို အသုံးပြုပြီး လူပုဂ္ဂို တစ်ဦး ဦးမှ Trojan Virus များ ဖြန့်ဝေ ပေးနေကြောင်း သိရှိ ရသည်။ ၎င်း Trojan သည် Google မှ ၀န်ဆောင်မှု ပေးထားသော Social Networking ၀က်ဘ်ဆိုက်မှ တရားဝင် ပေးပို့လိုက်သည့် စာများ အသွင်ဖြင့် E Mail များအတွင်း ၀င်ရောက် လာ လေ့ရှိသည်။

ထို အခြေအနေ မှာ စိုးရိမ် စရာ ဖြစ်ကြောင်း အင်တာနက် လုံခြုံရေး အကြံပေး ၀က်ဘ်ဆိုက် Websense က ဒီဇင်ဘာလ (၂) ရက်နေ့က သတိပေး ခဲ့သည်။ Orkut သည် Google မှ ပေးထားသော Online ဆက်သွယ်ရေး ဆိုက် တစ်ခု ဖြစ်ပြီး ယခု ပြန့်နှံ့ လာသည့် Trojan များသည် တောင်အမေရိကတိုက်ရှိ ဘရာဇီးလ် တောင်ပိုင်းမှ ဖြစ်နိုင် ကြောင်း သိရှိရသည်။ Google မှ တာဝန်ရှိ သူတစ်ဦး ကမူ ကုမ္ပဏီ အနေနှင့် ယခု အဖြစ် အပျက်အား စုံစမ်း နေကြောင်း ကြေငြာ ခဲ့သည်

 

 
http://www.technical-seven.com/