HP ၏ Multi-touch နည်းပညာသုံး Laptop အသစ် မိတ်ဆက်
User Rating: / 2
PoorBest 

Click to enlarge

Multi-touch နည်းပညာ အသုံးပြုထားသော Laptop အသစ်တစ်မျိုးကို HP က မိတ်ဆက်တင်ပြလိုက်သည်။ ယခု Laptop သစ်သည် ကွန်ပျုတာ ထုတ်လုပ်ရေး ထိပ်သီးကုမ္ပဏီကြီး HP မှ ပထမဆုံး ထုတ်လုပ်သော touch sceenကွန်ပျူတာ ဖြစ်လာခဲ့သည်။ TouchSmart tx2 ဟု အမည်ပေးထားသော အဆိုပါLaptop ကွန်ပျူတာလေးသည် အသုံးပြုသူ၏ လက်လှုပ်ရှားမှု များဖြင့် ထိန်းချုပ်နိုင်မည့် နည်းပညာကို အသုံးပြုထား မည်ဖြစ်ပြီး ဓာတ်ပုံများ၊ ရုပ်ပုံများ၊ သီချင်း၊ ဗီဒီယိုနှင့် အခြားသော Application များကို Keyboard နှင့် Mouse များ မလိုဘဲနှင့် စိတ်ကြိုက် အသုံးပြု နိုင်မည် ဖြစ်သည်။

 

(၅) ပေါင်မျှ အလေးချိန် ရှိပြီး (၁၂.၁) လက်မအရွယ် LED Screen ကို အသုံးပြုထားသော ထို Laptop လေးသည် AMD Turion X2 Ultra dual-core processor ကို တပ်ဆင်ထားပြီး Microsoft Windows Vista ကို OS အဖြစ် အသုံးပြုထားသည်။ Apple ၏ iPhone ထွက်ရှိပြီးနောက်ပိုင်း multi-touch နည်းပညာမှာ အလွန် ရေပန်းစားလာခဲ့သောကြောင့် HP က ယခု Laptop အား ထုတ်ဝေခဲ့ခြင်းဖြစ်သည်။ အဆိုပါ Laptop လေးအား (၁၁၄၉) ဒေါ်လာနှင့် ရောင်းချသွားမည်ဟု သတင်း ရရှိသည်။
 

 

 
http://www.technical-seven.com/