IBM Roadrunner သည် ကမ္ဘာ့ အမြန်ဆုံး ကွန်ပျူတာ ဖြစ်နေ ဆဲ
User Rating: / 0
PoorBest 

Click to enlarge

I BM အနေနှင့် ကမ္ဘာ့မြန်နှုန်း အမြင့်ဆုံး ကွန်ပျူတာအား ပိုင်ဆိုင်ထား သည်ဆိုသော ဂုဏ်ပုဒ်အား ဆက်လက် ထိန်းသိမ်း ထားမြဲဖြစ် သည်။ အဆင့်သတ်မှတ်ချက်များအရ ကယ်လီဖိုးနီးယားရှိ IBM ပိုင် လော့စ်အလာမို့စ် အမျိုးသား သုတေသန ဌာနမှာ အဆင့်အမြင့်ဆုံး ကွန်ပျူတာ ထုတ်လုပ်ရေးဌာနအဖြစ် ရပ်တည် နေဆဲ ဖြစ်သည်။

 

 

အမေရိကန်နှင့် ဂျာမနီမှ လေ့လာသူများ၏ စနစ်တကျ ကောက်ယူထားသော စစ်တမ်းအရ Roadrunner ဟု အမည်ပေးထားသော IBM ကွန်ပျူတာသည် မြန်နှုန်းအဆင့် 1.105 petaflop ရှိကြောင်း သိရှိရသည်။ 1 petaflop မြန်နှုန်းတွင်ပင် တစ်စက္ကန့် အတွင်း တွက်ချက်မှု အရေအတွက် ကုဋေ တစ်သန်း ထိ ပြုလုပ် နိုင်သည်။ ထို့ကြောင့် လည်း IBM ပိုင် Roadrunner သည် ကမ္ဘာပေါ်တွင် စွမ်းအားအမြင့်ဆုံး ကွန်ပျူတာအဖြစ် ဆက်လက်ရပ်တည်နေဆဲဖြစ်ကြောင်း သိရသည်။

Roadrunner ၏နောက်တွင် Cray ကုမ္ပဏီပိုင် စူပါကွန်ပျူတာ ဂျုဂွာ က မြန်နှုန်း 1.059ဖြင့် ရပ်တည်နေကြောင်း သတင်း ရရှိသည်။

 

 
http://www.technical-seven.com/