| အင်တာနက် အတွင်း Spam များပို့လွှတ်မှု ကျဆင်းလာ |
|
လက် ရှိ အခြေအနေ အရ Spammer များ၏ စွမ်းဆောင်နိုင်မှုမှာ ကျဆင်း လာပြီဟု ကျွမ်းကျင် သူများ က ဆို သည်။ Internet Service Provider ဖြစ်သော McColo ၏ ဖော်ပြ ချက်အရ
နိုဝင်ဘာလ(၁၁) ရက်နေ့က Spam များ ပို့လွှတ်မှု အရေအတွက် မှာ စံချိန်တင် လျော့နည်း လာကြောင်း သိရှိ ရသည်။ McPolo နေရာတွင် Hurricane Electric က အစားထိုး နေရာ ယူလိုက်ပြီးနောက်ပိုင်း Spam များ တွေ့ရှိမှုမှာ (၃၅) ရာခိုင်နှုန်း ထိုးကျ သွားသည် ဟု ဆိုသည်။ နောင်မကြာမီတွင် (၇၀) ရာခိုင်နှုန်းထိ ဆက်လက် လျော့ကျသွားနိုင်ကြောင်း ပညာရှင်များက မှတ်ချက်ပြုထားသည်။ အသစ် တာဝန်ယူသော အဖွဲ့အစည်းကြောင့် Spammer များ၏
လုပ်ဆောင်ချက်များမှာ အတော်များများ ပျက်ပြယ် ခဲ့ကြောင်း သိရှိရသည်။
McAfee ကုမ္ပဏီက ယခုတွေ့ရှိမှုကို အတည်ပြု ခဲ့ပြီး McColo အနားယူပြီး (၄၈)
နာရီအတွင်း သိသိသာသာ ပြောင်းလဲ ခဲ့ကြောင်း ဖော်ပြထားသည်။
|

