UK အွန်လိုင်း ကာကွယ်ရေး ဝက်ဘ်ဆိုက် တိုက်ခိုက် ခံရ
User Rating: / 0
PoorBest 

Click to enlarge

မည်မသိ Cyber အဖျက် အဖွဲ့အစည်းတစ်ခုက ဗြိတိန်အခြေစိုက် Online ကာကွယ်ရေး ၀က်ဘ်ဆိုက် တစ်ခု အား တိုက်ခိုက် ထိုးဖောက် သွားကြောင်းသိရှိရသည်။ bobbear.co.uk သည် Online မှတဆင့် ခြိမ်းခြောက်ငွေညှစ်မှုများ၊ မသမာမှုများနှင့် တရားမ၀င် ထိုးဖောက်ဝင်ရောက်မှုများအတွက် Online အသုံးပြုသူများအား နှိုးဆော်မှုများ ပြုလုပ်ပေးရန် ရည်ရွယ်ချက် ကောင်းဖြင့် တည်ထောင်ထားသော ၀က်ဘ်ဆိုက် တစ်ခု ဖြစ် သည်။

 ၎င်း ၀က်ဘ်ဆိုက် မှာ Cyber အဖျက်သမားများ ၏ DDoS နည်းဖြင့် ထိုးဖောက်ဖျက်ဆီးမှုကြောင့် Service များ ရပ်ဆိုင်းသွားခဲ့ရကြောင်း ကြေငြာ ခဲ့သည်။ နိုဝင်ဘာလ (၁၇)ရက်နေ့က bobbear.co.uk ၏ တိုက်ခိုက်ခံရမှုကို အတည်ပြုခဲ့သလို ယခုဖြစ်စဉ်မှာ ရုရှားနိုင်ငံမှ Cyber အဖျက်သမားများ၏ လုပ်ရပ်ဖြစ်ကြောင်း သိရှိရသည်။ ၀က်ဘ်ဆိုက်၏ Admin ဖြစ်သူ ဘော့ဘ်ဟယ်ရီဆန်က ရုရှားမှ Online ငွေညှစ်သူများ၏ လက်ချက်ဆိုသည်မှာ သံသယဖြစ်စရာ မရှိကြောင်း စွပ်စွဲ ပြောဆို သွားသည်။

 

 
http://www.technical-seven.com/